အမေရိကန်ပြည်ထောင်စုရောက် မြန်မာနိုင်ငံသားများ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် မဲရုံဖွင့်လှစ်ဆောင်ရွက်(၇-၁၂-၂၀၂၅ ရက်၊ လော့စ်အိန်ဂျယ်လိစ်)

အမေရိကန်ပြည်ထောင်စု၊ အနောက်ဘက်ပိုင်းဒေသတွင် ရောက်ရှိနေထိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံ သားများအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲများပေးအပ်နိုင်ရေးအတွက် လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၌ ၆-၁၂-၂၀၂၅ ရက် (စနေနေ့) နှင့် ၇-၁၂-၂၀၂၅ ရက်(တနင်္ဂနွေနေ့) တို့တွင် ၁၀:၀၀ နာရီမှ ၁၇:၀၀ နာရီအထိ မဲရုံဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ မဲဆန္ဒရှင်များ လာရောက်၍ ကြိုတင်ဆန္ဒမဲပေးခဲ့ကြ ပါသည်။

မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဝင်းလဲ့ဖြူက မဲရုံမှူးအဖြစ် ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းများက မဲဆန္ဒရှင်များ၏ ဆန္ဒမဲလက်မှတ်များကို စိစစ်ထုတ်ပေးခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။