အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးသည် အာဆီယံကော်မတီ ဝါရှင်တန်၏ အလှည့်ကျဥက္ကဋ္ဌ ဘရူးနိုင်းနိုင်ငံသံအမတ်ကြီးကို သွားရောက်တွေ့ဆုံ

(၂၁-၁-၂၀၂၆ ရက်၊ ဝါရှင်တန်)

အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးသည် အာဆီယံကော်မတီ ဝါရှင်တန်၏ အလှည့်ကျဥက္ကဋ္ဌ အမေရိကန်နိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Adnan Mohd. Ja'afar အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်၊ နေ့လယ် ၁၄၀၀ နာရီအချိန်တွင် ဘရူနိုင်းသံရုံး၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ အာဆီယံ ကော်မတီဝါရှင်တန်လှုပ်ရှားမှုများတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဖော်ဆောင် ရေးနှင့် နှစ်နိုင်ငံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်၍ နှစ်ဖက်အကျိုးတူကိစ္စများ ဖော်ဆောင်သွားနိုင်ရေးတို့ကို ရင်းနှီးစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီးက မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲ ပထမအဆင့်နှင့် ဒုတိယအဆင့် အောင်မြင်စွာ ကျင်းပပြီးစီးမှုအခြေအနေနှင့် တတိယအဆင့် ဆက်လက်ကျင်းပသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။