(၂၇-၄-၂၀၂၂၊ ကိုလံဘို)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆက်ကပ်လှူဒါန်းသည့် “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး Most Venerable Aggamahapandita Dodampahala Chandrasiri Maha Thero ထံ ဆက်ကပ်လှူဒါန်းသည့်အခမ်းအနားကို ၂၆-၄-၂၀၂၂ ရက်နေ့ (အင်္ဂါနေ့) နံနက် ၁၀:၀၀ နာရီအချိန်တွင် ဆရာတော်ကြီးသီတင်းသုံးရာ သီရိလင်္ကာနိုင်ငံ Gothama Thapowanaya Monestry၊ Kalapaluwawa ၊Mulleriyawa- New Town တွင် ကျင်းပခဲ့ရာ သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟန်သူ နှင့် ဇနီး၊ မြန်မာသံရုံးဝန်ထမ်းများနှင့် မိသားစုများ တက်ရောက်ခဲ့ပါသည်။
မြန်မာသံအမတ်ကြီးက “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းရသည့် အကြောင်းအရာကို ရှင်းလင်းပြောကြား၍ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ထို့နောက် “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး Most Venerable Aggamahapandita Dodampahala Chandrasiri Maha Thero မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားကို နံနက် ၁၁:၀၀ နာရီခန့်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။






