အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၂၈-၁၁-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး H.E. Mr. Bhim K. Udas အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ၂၈-၁၁-၂၀၁၉ ရက်နေ့၊ (၁၄၀၀) နာရီအချိန်တွင် လက်ခံတွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံစဉ် မြန်မာ-နီပေါ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ၂၀၂၀ ပြည့်နှစ်တွင် ကျရောက်မည့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတည်ထောင်ခြင်း နှစ် (၆၀) ပြည့် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပသွားရေးနှင့် နီပေါခရီးသွားနှစ် ၂၀၂၀ အောင်မြင်စေရေးအတွက် ခရီးသွားကဏ္ဍတိုးမြှင့်ရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။