အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက UNICEF ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

(၁၃-၁၁-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး

ဉီးကျော်တင်သည် UNICEF ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. June Kunugi အား ၁၃-၁၁-၂၀၁၉ ရက်၊ ၁၃၃၀ နာရီ တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်၏ နှစ် (၃၀) ပြည့် အထိမ်းအမှတ်အနေဖြင့် အမျိုးသားအဆင့် ကလေးသူငယ်များ ဆွေးနွေးပွဲတစ်ရပ်ကို ၂၀-၁၁-၂၀၁၉ရက်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့်ကိစ္စ၊ ကလေးသူငယ်ဥပဒေအား အရှိန်အဟုန်မြှင့် အကောင်အထည် ဖော်ဆောင်ရေးကိစ္စ၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနှင့်စပ်လျဉ်း၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ အခြေပြစာချုပ် (CRC-OPAC) သို့ မြန်မာနိုင်ငံက အတည်ပြု ပါဝင်ခဲ့သည့် ကိစ္စရပ်တို့ အပါအဝင် မြန်မာနိုင်ငံနှင့် UNICEF တို့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။