အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အာရှဖောင်ဒေးရှင်း၏ ဒုတိယဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

(၂-၉-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့အခြေစိုက် အာရှဖောင်ဒေးရှင်း (The Asia Foundation) ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ မစ္စ ဆူဇန် ဆစ္စကယ်အား ၂-၉-၂၀၁၉ ရက်၊ ၀၉၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

နိုထိုသို့တွေ့ဆုံစဉ် အာရှဖောင်ဒေးရှင်းမှ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သံတမန်ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ပြည်တွင်း၊ ပြည်ပသင်တန်းများ၊ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ရေးသားပြုစုခဲ့သော သုတေသနစာတမ်းများနှင့် ပတ်သက်၍လည်းကောင်း၊ အနာဂတ်ကာလတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် အာရှဖောင်ဒေးရှင်းမှ ဆက်လက် ထောက်ပံ့ပေးမည့် အစီအစဉ်များနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။