(၂၁-၄-၂၀၂၃ ရက်၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီး၏ အကြံပေး ပုဂ္ဂိုလ် မစ္စစ် ပေါ်ပီမိုကန်ချနာလတ် အား ၂၁-၄-၂၀၂၃ ရက်(သောကြာနေ့)၊ ၁၆၀၀ နာရီအချိန် တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ – ထိုင်းနှစ်နိုင်ငံအကြား သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးကဏ္ဍ၊ ပြည်သူများအကြား ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးကဏ္ဍ၊ မြန်မာနိုင်ငံသို့ အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညိှနှိုင်းမှု ဗဟိုဌာန (AHA Centre) မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား စီမံခန့်ခွဲရေးကိစ္စရပ်များအပြင် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားရေး ကိစ္စရပ်များအား နှစ်ဖက် အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

