အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရုံးခွဲ၏ Head of Officer ဖြစ်သူ Mr. Gevorg Sargsyan အား လက်ခံတွေ့ဆုံ

(၂၃-၃-၂၀၂၀ ၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရုံးခွဲ၏ Head of Officer ဖြစ်သူ Mr. Gevorg Sargsyan အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ၂၃-၃-၂၀၂၀ ရက်နေ့ (တနင်္လာနေ့) ၊ နေ့လည် (၁၂: ၄၅) နာရီအချိန်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် ကမ္ဘာပေါ်တွင် လက်ရှိဖြစ်ပွားလျက်ရှိသည့် COVID-19 ကူးစက်ရောဂါ ပျံ့နှံ့မှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ် ပြင်ဆင်နေမှုများ၊ စီးပွားရေးဆိုင်ရာ ထိခိုက်နစ်နာမှုများအတွက် တုံ့ပြန်ဆောင်ရွက်နေမှုများ၊ ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် စီးပွားရေးအပေါ် ထိခိုက်မှုတုန့်ပြန်ရေးအတွက် အတိုးနည်းချေးငွေများ ထောက်ပံ့ပေးရန် ကမ်းလှမ်းမှုတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။