(၂၄-၁-၂၀၂၃ ရက်၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်သည်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသောကူဝိတ်နိုင်ငံသံအမတ်ကြီးမစ္စတာမူဘာရက်(ခ်) အမ်အေအလက်ဝါနီအား၂၀၂၃ခုနှစ်၊ဇန်နဝါရီလ၂၄ရက်၊(၁၂:၀၀)နာရီတွင်နေပြည်တော်ရှိ အပြည် ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ်ပြည်ထောင်စုဝန်ကြီးမှ သံအမတ် ကြီးအားပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ကူဝိတ်နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခြင်းခံရသည့်အတွက်ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားခဲ့ပြီး၊ တွေ့ဆုံဆွေးနွေး မှုတွင် မြန်မာနိုင်ငံနှင့်ကူဝိတ်နိုင်ငံတို့အကြားတည်ရှိပြီးဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု နှင့်စွမ်းအင်စသည့် ကဏ္ဍတို့တွင်အကျိုးတူ ဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများတွင် အပြန်အလှန်နားလည်မှု၊ထောက်ခံမှုများဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးစသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။



