အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ(၅-၁၂-၂၀၂၂ရက်)

(၁၂၂၀၂၂ ရက်၊ နေပြည်တော်)

 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး H.E. Mr. Tim Enderlin အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ရက်၊ ၁၆၀၀ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးရာတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဆွစ်ဇာလန်သံရုံးမှ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တို့ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုး တိုးတက်မှု အကူအညီပေးအပ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။