အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၃-၁၂-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel အား ယနေ့ ၃-၁၂-၂၀၁၉ ရက်၊ (၁၅၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ်အတွင်း မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး၊ နှစ်နိုင်ငံ ဆွေးနွေးပွဲများ ကျင်းပရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ကောင်စစ်ရေးရာကိစ္စများအပါအဝင် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် ရခိုင်ပြည်နယ်အရေးကိစ္စ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။