အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဥရောပအာရှစီးပွားရေးကော်မရှင်နှင့် ရုရှားစီးပွားရေးအဖွဲ့မှ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ

(၂၅-၃-၂၀၂၂ ရက် ၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ဥရောပအာရှစီးပွားရေးကော်မရှင်နှင့် ရုရှားစီးပွားရေးအဖွဲ့မှ ကိုယ်စားလှယ်များအား ၂၅-၃-၂၀၂၂ ရက်၊ ၁၆:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအကြား ဘဏ္ဍာရေး၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ သတင်းအချက်အလက်နှင့် နည်းပညာ စသည့်ကဏ္ဍများတွင် နှစ်ဖက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ၊ ဥရောပအာရှစီးပွားရေးကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာရေးထိုး ဆောင်ရွက်ခြင်းဖြင့် နှစ်ဖက်အဖွဲ့အစည်းများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လာနိုင်မှု အခြေအနေများကို ရင်းနှီးစွာ ဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။