အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme-UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

(၁၄၁၁၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်အား ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme-UNDP) မြန်မာနိုင်ငံဆိုင်ရာ ယာယီဌာနေကိုယ်စားလှယ် Mr. Gordon Johnson မှ ၁၄၁၁၂၀၁၉ ရက်၊ ၁၄၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက် ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ UNDP Country Programme (2018-2022) အစီအစဉ်အရ ဆောင်ရွက်သွားမည့် စီမံကိန်းများ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan- MSDP)ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဖော်ဆောင်သွားမည့် ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။