အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးအား နှုတ်ခွန်းဆက်တွေ့ဆုံ

(၂၅-၁၁-၂၀၂၅၊ တဲလ်အဗီး)

အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးသိန်းဇော်သည် အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Xiao Junzheng အား ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်၊ ၁၁၀၀ နာရီအချိန်တွင် တဲလ်အဗီးမြို့ရှိ တရုတ်သံရုံးသို့ သွားရောက်နှုတ်ခွန်းဆက်တွေ့ဆုံခဲ့ပါသည်။

အဆိုပါ တွေ့ဆုံမှုတွင် သံအမတ်ကြီးများသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ရှိရင်းစွဲ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး၊ စီးပွားရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားပေးမြှင့်တင်ရေး တို့ကို ဆွေးနွေးခဲ့ကြပါသည်။ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးသိန်းဇော်က မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေမှုများနှင့်ပတ်သက်၍ အသိပေး ဆွေးနွေးခဲ့ပြီးနောက် တရုတ်သံအမတ်ကြီးထံ မြန်မာ့ရိုးရာအမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ပါသည်။