(၁၁-၉-၂၀၂၅ ရက်၊ တဲလ်အဗီး)
အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးသိန်းဇော်သည် အစ္စရေး နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Xiao Junzheng ၏ ဖိတ်ကြားချက်အရ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့၌ တဲလ်အဗီးမြို့ရှိ Hilton Hotel တွင် ကျင်းပပြုလုပ်ခဲ့သည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း (၇၆) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အစ္စရေးနိုင်ငံ၊ ယဉ်ကျေးမှုနှင့် အားကစားဝန်ကြီး၊ H.E. Mr. Miki Zohar၊ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ တဲလ်အဗီးမြို့အခြေစိုက် နိုင်ငံခြားသံရုံး များမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များနှင့် စစ်သံမှူးများလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။


