အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးသိန်းဇော် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တည်ထောင်သည့် (၉၈)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် (၂၅-၇-၂၀၂၅ ရက်)

(၂၅-၇-၂၀၂၅ ရက်၊ တဲလ်အဗီး)

အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးသိန်းဇော်သည် အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Xiao Junzheng နှင့် စစ်သံမှူး Senior Colonel Xu Xiaogang တို့၏ ဖိတ်ကြားချက်အရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်တွင် တဲလ်အဗီးမြို့ရှိ InterContinental David Hotel တွင် ကျင်းပပြုလုပ်ခဲ့သည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်သည့် (၉၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ 

အဆိုပါအခမ်းအနားသို့ အစ္စရေးနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ တဲလ်အဗီးမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ စစ်သံမှူးများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ 

******************