အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အား နှုတ်ခွန်းဆက်တွေ့ဆုံ (၂၄-၇-၂၀၂၅ ရက်)

(၂၄-၇-၂၀၂၅ ရက်၊ တဲလ်အဗီး)

အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးသိန်းဇော်သည် အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Gil Haskel အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်၊ ၁၁၀၀ နာရီအချိန်တွင် ဂျေရုဆလင်မြို့ရှိ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက်နှုတ်ခွန်းဆက်တွေ့ဆုံခဲ့ပါသည်။

အဆိုပါတွေ့ဆုံမှုတွင် ကာလရှည်ကြာ နှစ်နိုင်ငံချစ်ကြည်ရေးကို ဆက်လက်ထိန်းသိမ်းရေး၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့် ပြည်သူများအကြား ဆက်ဆံရေးကို ပိုမိုအားပေးမြှင့်တင်ရေး၊ နှစ်နိုင်ငံ စိုက်ပျိုးရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါ သည်။ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးသိန်းဇော်က မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေမှုများနှင့်ပတ်သက်၍ အသိပေးဆွေးနွေးခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ်ထံ မြန်မာ့ရိုးရာအမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ပါသည်။

******************