အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီး ဦးသိန်းဇော် သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့၊ နေ့လယ်ပိုင်းတွင် Haifa မြို့ University of Haifa တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျင်းပပြုလုပ်သည့် ဘွဲ့နှင်းသဘင် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ တက္ကသိုလ်တွင် ဖွင့်လှစ်ခဲ့သော The International Program in Education and Development in Early Childhood နိုင်ငံကတာ သင်တန်းအစီအစဉ်၌ မြန်မာနိုင်ငံမှ သင်တန်းသူ ဒေါက်တာ ဒေါ်ခင်ထွေးကြည်သည် အောင်မြင်စွာ ပါဝင်တက်ရောက်နိုင်ခဲ့ပြီး ဘွဲ့နှင်းသဘင်အခမ်းအနား၌ University of Haifa မှ ချီးမြှင့်အပ်နှင်းသည့် Master of Arts (M.A.), in Education and Development in Early Childhood မဟာဘွဲ့အား လက်ခံရရှိခဲ့ပါသည်။
အဆိုပါ နိုင်ငံတကာသင်တန်း အစီအစဉ်အား မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ သင်တန်းသား (၁၉) ဦးဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ ဘွဲ့နှင်းသဘင် အခမ်းအနားအပြီး တစ်ဆက်တည်း ကျင်းပခဲ့သော ဂုဏ်ပြုဆုများချီးမြှင့်ခြင်းနှင့် သီးသန့်နှုတ်ဆက်ပွဲအခမ်းအနားတွင် နိုင်ငံတကာသင်တန်းသားများကိုယ်စား မြန်မာနိုင်ငံမှ ဒေါက်တာ ဒေါ်ခင်ထွေးကြည်က ဂုဏ်ပြုကျေးဇူးတင်စကားပြောကြားခွင့် ရရှိခဲ့ပါသည်။



