အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး အစ္စရေးနိုင်ငံ၊ Haifa မြို့၊ The Golda Meir MASHAV Carmel International Training Center (MCTC) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

(၁၇-၇-၂၀၂၆၊ တဲလ်အဗီး)

အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးသိန်းဇော်သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် Haifa မြို့ရှိ The Golda Meir MASHAV Carmel International Training Center (MCTC) တွင် ကျင်းပပြုလုပ်သော Innovative Approaches to Early Childhood Education and Development သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

​အဆိုပါသင်တန်းအား မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ သင်တန်းသား (၂၃) ဦး ဖြင့် ဇူလိုင်လ ၆ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ မြန်မာနိုင်ငံမှ သင်တန်းသူ နှစ်ဦးဖြစ်သည့် Ma Naw Orchid နှင့် Ma Naw Eh Hser Htoo တို့ပါဝင်တက်ရောက်အောင်မြင်ခဲ့ကြပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးသိန်းဇော်က မြန်မာနိုင်ငံမှ သင်တန်းသူနှစ်ဦးအား သင်တန်းဆင်းအောင်လက်မှတ်များ တက်ရောက်ချီးမြှင့်ပေးခဲ့ပြီး မြန်မာနိုင်ငံသို့ အပြန်ခရီးအတွက် အဆင်ပြေချောမွေ့စေရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။