(၂၄-၄-၂၀၂၆ ရက်၊ တဲလ်အဗီး)
အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးသိန်းဇော်သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် နံနက်ပိုင်းတွင် ဂျေရုဆလင်မြို့၊ အစ္စရေးသမ္မတအိမ်တော်၌ ကျင်းပပြုလုပ်ခဲ့သည် အစ္စရေးနိုင်ငံ၏ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် အစ္စရေးနိုင်ငံသမ္မတ မစ္စတာ အိုင်ဇက် ဟာဇော့ဂ်က မိန့်ခွန်းပြောကြားခဲ့ပြီး အစ္စရေးနိုင်ငံခြားရေးဝန်ကြီး မစ္စတာဂီဒီယွန်ဆားက အမှာစကား ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ အစ္စရေးနိုင်ငံသမ္မတ၊ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးနှင့် အစ္စရေးနိုင်ငံ အဆင့်မြင့်အရာရှိကြီးများ၊ ဂျေရုဆလင်မြို့နှင့် တဲလ်အဗီးမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

