အစ္စရေးနိုင်ငံခြားရေးဝန်ကြီး၊ စိုက်ပျိုးရေးဝန်ကြီးတို့နှင့်အတူ နိုင်ငံတကာ စိုက်ပျိုးရေးသင်တန်းသား ခေါင်းဆောင်များနှင့်တွေ့ဆုံခြင်း

(၂၈-၇-၂၀၂၀ ရက်၊ တဲလ်အဗီး)

အစ္စရေးနိုင်ငံတွင်းရှိ စိုက်ပျိုးရေးဆိုင်ရာ သင်တန်းကျောင်း ၆ ကျောင်း၌ လေ့လာ သင်ကြားမှု ပြုလုပ်နေသည့် နိုင်ငံပေါင်း ၃၀ မှ သင်တန်းသားခေါင်းဆောင်များအနေဖြင့် ၂၈-၇-၂၀၂၀ ရက်၊ နံနက် ၉ နာရီတွင် Agrostudies Training Center (Rupin College) သို့ လေ့လာရေးပြုလုပ်ခွင့် ရရှိခဲ့ပါသည်။ ထိုသို့လေ့လာရေးပြုလုပ်သည့်အချိန်တွင် သက်ဆိုင်ရာနိုင်ငံများမှ အစ္စရေးနိုင်ငံ အခြေစိုက်သံအမတ်ကြီး ၁၂ ဦးနှင့်အတူ မြန်မာသံအမတ်ကြီး ဦးမောင်မောင်လင်းသည် သင်တန်းသားများအား တွေ့ဆုံနှုတ်ဆက်ခွင့် ရရှိခဲ့ပါသည်။

၎င်းအခမ်းအနားသို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Gabi Ashkenazi နှင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး H.E.Mr.Alon Schuster လာရောက်၍ သံအမတ်ကြီးများနှင့် တွေ့ဆုံခြင်း၊ သင်တန်းသားများ တွေ့ဆုံပြီး Agrostudies သင်တန်းကျောင်းအတွင်း အတူတကွ လေ့လာကြည့်ရှုခြင်းစသည့် အစီအစဉ်များကို COVID-19 ကာလအတွင်း သတ်မှတ်ထားရှိသည့် Purple Bridge Standard အတိုင်း လိုက်နာကျင့်သုံး ဆောင်ရွက်ခဲ့ကြပါသည်။

၃။ အစ္စရေးနိုင်ငံ၊ Ramat Negev နိုင်ငံတကာစိုက်ပျိုးရေးသင်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသည့် မြန်မာနိုင်ငံမှ သင်တန်းသား မောင်ရဲထွဋ်အောင်သည် My Israel ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် ဓာတ်ပုံပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ ပြိုင်ပွဲဝင်ဓာတ်ပုံများအား Facebook Social Media ပေါ်တွင် Reactions ရရှိမှုအပေါ် ချိန်ထိုးအကဲဖြတ်ခဲ့ခြင်းတွင် အဆင့် ၅ နေရာရရှိခဲ့ကြောင်း သိရှိရပါသည်။