အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီးအား တည်ခင်းဧည့်ခံသည့် အာဆီယံ-နယူးဒေလီကော်မတီ (ANDC)၏ နှုတ်ဆက်ညစာစားပွဲသို့ မြန်မာသံအမတ်ကြီး တက်ရောက်

(၁၇-၃-၂၀၂၆၊ နယူးဒေလီ)

 အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်၊ ၁၈၃၀ နာရီတွင် စင်ကာပူနိုင်ငံသံအမတ်ကြီးနေအိမ်၌ ကျင်းပပြုလုပ်ခဲ့သည့် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် အိန္ဒိယနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Ms. Ina H. Krisnamurthi အား အာဆီယံ-နယူးဒေလီကော်မတီ(ANDC) က ဂုဏ်ပြုတည်ခင်းဧည့်ခံသည့် နှုတ်ဆက်ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ ညစာစားပွဲအတွင်း ANDC ၏ အလှည့်ကျ ဥက္ကဋ္ဌ မြန်မာသံအမတ်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ပါသည်။ အဆိုပါညစာစားပွဲသို့ အာဆီယံသံအမတ်ကြီးများနှင့် ဇနီးများ၊ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနမှ အရာရှိများနှင့် သံရုံးဒုတိယအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။