အင်ဒိုနီးရှားဆိုင်ရာ မြန်မာသံအမတ်/ သံရုံးယာယီတာဝန်ခံ ဦးမန်ဟောက်ထန်မှ အင်ဒိုနီးရှားနိုင်ငံ ဒုတိယရှေ့နေချုပ် (ခေတ္တ) Prof. Dr. Asep Nana Mulyana နှင့် တွေ့ဆုံဆွေးနွေးခြင်း(၁၈-၆-၂၀၂၆၊ ဂျကာတာ)

အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဂျကာတာမြို့မှ သံအမတ်/ သံရုံးယာယီတာဝန်ခံ ဦးမန်ဟောက်ထန်သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် အင်ဒိုနီးရှား၊ ရှေ့နေချုပ်ရုံး (Attorney General’s Office) သို့ သွားရောက်၍ နိုင်ငံတော်ဒုတိယရှေ့နေချုပ် (ခေတ္တ) Prof. Dr. Asep Nana Mulyana နှင့် ၎င်း၏ ရုံးအဖွဲ့အား တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံအကြား အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့်အညီ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးကဏ္ဍဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ပါသည်။ မြန်မာနှင့် အင်ဒိုနီးရှားတို့မှာ ချစ်ကြည်ရင်းနှီးသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အားလျော်စွာ နှစ်နိုင်ငံရှေ့နေချုပ်ရုံးများအကြား ဆက်ဆံရေးပိုမိုခိုင်မာစေရန်နှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများကို အကျယ်တဝင့် အပြုသဘောဆောင် ဆွေးနွေးခဲ့ပါသည်။
**********