အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၇/၂၀၂၆) သင်တန်းသား/သူများနှင့် တွေ့ဆုံပွဲအခမ်းအနား

(၃၀-၇-၂၀၂၆၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်၌ ဖွင့်လှစ်လျက်ရှိသော အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၇/၂၀၂၆) မှ သင်တန်းသား/သူများသည် နေပြည်တော်သို့ ၃၀-၇-၂၀၂၆ ရက်မှ ၁-၈-၂၀၂၆ ရက်အထိ လေ့လာရေးခရီး လာရောက်လျက်ရှိရာ ၎င်းတို့၏ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကို ဂါရဝပြုတွေ့ဆုံပွဲ အခမ်းအနားအား ၃၀-၇-၂၀၂၆ ရက် (ကြာသပတေးနေ့)၊ မွန်းလွဲ (၁၅၀၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသားကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအားလုံး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။