(၃၀-၁-၂၀၂၆ရက်၊ ဟောင်ကောင်)
ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကိုသည် အာဆီယံကောင်စစ်ဝန်ချုပ် များ၏ လစဉ် အလှည့်ကျ နေ့လယ်စာစားပွဲကို ၂၉-၁-၂၀၂၆ ရက်၊ ၁၂၃၀ နာရီတွင် ဟောင်ကောင်မြို့ရှိ Island Shangri-La ဟိုတယ်၌ တည်ခင်းဧည့်ခံခဲ့ပါသည်။
အဆိုပါနေ့လယ်စာစားပွဲသို့ ဟောင်ကောင်ဒေသအစိုးရ သံတမန်ရေးရာဌာန အကြီးအကဲ Ms. Kerry POON က ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး၊ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသနှင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ် များနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
နေ့လယ်စာစားပွဲ၌ မြန်မာကောင်စစ်ဝန်ချုပ်နှင့်အတူ ဟောင်ကောင်ဒေသရှိ အာဆီယံနိုင်ငံ သံတမန်များ၏ နာယကဖြစ်သူ မလေးရှားကောင်စစ်ဝန်ချုပ်နှင့် ဟောင်ကောင်ဒေသအစိုးရ သံတမန် ရေးရာဌာနအကြီးအကဲတို့က အမှာစကားများ ပြောကြားခဲ့ကြပြီး၊ မလေးရှားကောင်စစ်ဝန်ချုပ် Mr. Muzambli Markam က အာဆီယံအလှည့်ကျဥက္ကဋ္ဌအမှတ်အသား “တူ” ကို ဖိလစ်ပိုင် ကောင်စစ်ဝန်ချုပ် Mr. Romulo Victor M. Israel, Jr. ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။



