(၆-၁၁-၂၀၂၅ ရက်၊ ဟောင်ကောင်)
မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကိုသည် ဟောင်ကောင်ဒေသအစိုးရ သံတမန်ရေးရာ ဌာန အကြီးအကဲ ညွှန်ကြားရေးမှူး Ms. Kerry POON အား ၅-၁၁-၂၀၂၅ ရက် (၁၄၃၀) နာရီတွင် ဟောင်ကောင်အစိုးရရုံး၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာကောင်စစ်ဝန်ချုပ်က Ms. Kerry POON အား ဟောင်ကောင်ဒေသ အစိုးရ သံတမန်ရေးရာဌာန ညွှန်ကြားရေးမှူးအသစ်အဖြစ် ခန့်အပ်ခြင်းခံရမှုအပေါ် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ဦးစွာပြောကြားခဲ့ပါသည်။ သံတမန်ရေးရာဌာန ညွှန်ကြားရေးမှူးကလည်း ဟောင်ကောင်ဒေသသို့ ရောက်ရှိလာသည့် မြန်မာကောင်စစ်ဝန်ချုပ်အသစ်အား နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ဟောင်ကောင်အထူး အုပ်ချုပ်ရေးဒေသ၏ ကောင်စစ်ဆိုင်ရာ လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် နှစ်ဖက်စလုံးက မြန်မာနိုင်ငံနှင့် ဟောင်ကောင်ဒေသတို့ အကြား ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းလျက် အနာဂတ်တွင် နီးကပ်စွာပူးပေါင်း ဆောင်ရွက်သွားရန် ကတိပြုခဲ့ကြပါသည်။ တွေ့ဆုံမှုအပြီးတွင် မြန်မာကောင်စစ်ဝန်ချုပ်သည် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ အုပ်ချုပ်ရေးဝန်ကြီး၏ မှတ်တမ်းစာအုပ် (Calling Book) တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
**********************


