၁၃-၁၀-၂၀၂၅
ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရှိ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကိုသည် ဟောင်ကောင်ရှိ အာဆီယံသံတမန်များ၏ နာယကဖြစ်သော မလေးရှားကောင်စစ်ဝန်ချုပ်ဖြစ်သူ Mr. Muzambli Bin Markam အား ၂-၁၀-၂၀၂၅ ရက်တွင်လည်းကောင်း၊ လာအိုကောင်စစ်ဝန်ချုပ် Mr. Ammala SAENCHONGHACK အား ၈-၁၀-၂၀၂၅ ရက်တွင်လည်းကောင်း၊ ဖိလစ်ပိုင်ကောင်စစ်ဝန်ချုပ် Mr. Romulo Victor M. ISRAEL, JR အား ၁၃-၁၀-၂၀၂၅ ရက်တွင်လည်းကောင်း ၎င်းတို့၏ ကောင်စစ်ဝန်ချုပ်ရုံးများသို့ သီးခြားစီ သွားရောက်မိတ်ဆက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် ကောင်စစ်ဝန်ချုပ်များက ဟောင်ကောင်မြို့၌ မြန်မာကောင်စစ်ဝန်ချုပ်အသစ် အဖြစ်ရောက်ရှိတာဝန်ထမ်းဆောင်မှုအတွက် ကြိုဆိုခဲ့ကြပြီး ၎င်းတို့၏ဟောင်ကောင်ဒေသ၌ ရောက်ရှိ နေထိုင်စဉ်ကာလအတွင်း အတွေ့အကြုံများကို ဖလှယ်ခဲ့ကြပါသည်။ ထို့နောက် အာဆီယံကောင်စစ်ဝန် ချုပ်ရုံးများအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးတက်ခိုင်မာစေရန်အတွက်လည်း ဆက်လက်ဖော်ဆောင်သွားရန် ကတိပြုခဲ့ကြပါသည်။

