ဟောင်ကောင်ဒေသအခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်က အာဆီယံနိုင်ငံများ၏ ကောင်စစ်ဝန်ချုပ်များအားနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ(၆-၂-၂၀၂၃ ရက်)

(၆-၂-၂၀၂၃ ရက်၊ ဟောင်ကောင်)

ဟောင်ကောင်ဒေသအခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင် သည် ဒေသအခြေစိုက် အာဆီယံနိုင်ငံများ၏ ကောင်စစ်ဝန်ချုပ်များအား Island Shangrila Hotel ၌ ၆-၂-၂၀၂၃ ရက်တွင် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ နေ့လယ်စာစားပွဲသို့ ဟောင်ကောင်ဒေသ အစိုးရ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် Invest Hong Kong မှ Head of Consulate and Chamber Engagement ဖြစ်သူ Mr. K C Lam က ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။