ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ ရွှေမြန်မာယဉ်ကျေးမှုအဖွဲ့၏ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာဖျော်ဖြေပွဲသို့ မြန်မာကောင်စစ်ဝန်ချုပ်တက်ရောက်(၂၈-၅-၂၀၂၆ ရက်နေ့၊ နိုဗိုစီဗစ်)

မြန်မာကောင်စစ်ဝန်ချုပ်၊ ဦးပြည့်ဖြိုးဝေသည် ၂၇-၅-၂၀၂၆ ရက်နေ့ (၁၉:၀၀)နာရီချိန်တွင် နိုဗိုစီဗစ်မြို့၊ Sibir Concert Hall ၌ ကျင်းပပြုလုပ်သော ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ ရွှေမြန်မာယဉ်ကျေးမှုအဖွဲ့က ဖျော်ဖြေတင်ဆက်သည့် မြန်မာ့ ယဉ်ကျေးမှုအနုပညာကပြဖျော်ဖြေပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ ဦးပြည့်ဖြိုးဝေ (ကောင်စစ်ဝန်ချုပ်)နှင့် Mr.Y.V.Zimnyakov (Minister of Culture of Novosibirsk Region) တို့မှအသီးသီး ကြိုဆိုနှုတ်ခွန်းဆက်မိန့်ခွန်းများပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ နိုဗိုစီဗစ်အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် သံတမန်များ၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ နိုဗိုစီဗစ်မြို့တော်ဝန်ရုံးမှ တာဝန်ရှိသူများ၊ နိုဗိုစီဗစ်ဒေသရှိ ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့အစည်းများနှင့် နိုဗိုစီဗစ်ဒေသခံများ တက်ရောက်ခဲ့ကြပြီး တက်ရောက်သူဦးရေ (၇၀၀)ခန့်ရှိပါကြောင်း သိရှိရပါသည်။
မေလ (၂၆) ရက်နေ့မှ မေလ(၃၁) ရက်နေ့အထိ နိုဗိုစီဗစ်မြို့၌ မြန်မာ့ယဉ်ကျေးမှုအနုပညာ များကို ဖော်ထုတ်မြှင့်တင်ရန်ရောက်ရှိနေသော ရွှေမြန်မာယဉ်ကျေးမှုအဖွဲ့သည် မေလ (၂၈) ရက်နေ့ တွင် Iskitim မြို့၌လည်းကောင်း၊ မေလ (၂၉) ရက်နေ့တွင် Krivodanovkaမြို့၌လည်းကောင်း မြန်မာ့ ယဉ်ကျေးမှုအနုပညာများဖြင့် အသီးသီးကပြဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပါသည်။