သံအမတ်ကြီး ဦးအောင်မင်းဦး အီသီယိုပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတထံ ခန့်အပ်လွှာပေးအပ် (၄-၆-၂၀၂၅ ရက်)

 (၄-၆-၂၀၂၅ ရက်၊ နေပြည်တော်)

အီသီယိုပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးအောင်မင်းဦး သည် ၄င်း၏ခန့်အပ်လွှာကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့တွင် အီသီယိုပီးယားဖက်ဒရယ်ဒီမို ကရက်တစ်သမ္မတနိုင်ငံ၊ အဒစ်အဘာဘာမြို့ရှိ သမ္မတအိမ်တော်၌ အီသီယိုပီးယားဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုင်ယီ အက်စ်ကီ စီလက်ဆီ ထံသို့ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။