
(၁၉–၁၁–၂၀၂၂ ရက်၊ နေပြည်တော်)
ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ၄င်း၏ ခန့်အပ်လွှာကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဘရာဇီးလ်နိုင်ငံ၊ သမ္မတရုံး၌ ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံ၊ ဒုတိယသမ္မတ အန်တိုနီယို ဟမျူတို မာချင်းစ် မော်ရိုထံသို့ ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ သံအမတ်ကြီးနှင့်အတူ မက္ကဆီကို၊ ဒိန်းမတ်၊ ဖင်လန်၊ နီပေါ၊ အာဂျင်တီးနား၊ အဇာဘိုင်ဂျန်နှင့် အိုမန် နိုင်ငံတို့မှ သံအမတ်ကြီးများလည်း ၎င်းတို့၏ ခန့်အပ်လွှာများအား ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

