သံအမတ်ကြီး ဦးသန့်စင် နီပေါတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံခြားရေးဒုတိယဝန်ကြီးတို့ အား သီးခြားစီ သွားရောက်ဂါရဝပြုတွေ့ဆုံ

(၂၄-၁၂-၂၀၂၅၊ ကတ္တမန္ဒူး)

 နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၁၀၀ နာရီအချိန်တွင် နီပေါတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ashok Raj Sigdel အား နီပေါတပ်မတော်ရုံးချုပ်၌ လည်းကောင်း၊ နီပေါနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား ယင်းနေ့ မွန်းလွဲ ၀၂၃၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌လည်းကောင်း သီးခြားစီ သွားရောက် ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။

 ထိုသို့ တွေ့ဆုံစဉ် သံအမတ်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် အထွေထွေရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊  မြန်မာ-နီပေါနှစ်နိုင်ငံ ဆက်ဆံရေး၊ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း တိုးမြှင့်ဆောင်ရွက်ရေးနှင့်  တိုက်ရိုက်လေကြောင်း လိုင်း ပြန်လည်ပြေးဆွဲနိုင်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရပါသည်။

 တွေ့ဆုံမှုအပြီးတွင် သံအမတ်ကြီးက နီပေါတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံခြားရေး ဒုတိယ ဝန်ကြီးတို့အား  အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

******************