သံအမတ်ကြီး ဦးသန့်စင် နီပေါနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန အကြီးအကဲ (Chief of Protocol) ထံ ခန့်အပ်လွှာ (မိတ္တူ) ပေးအပ် 

(၇-၁၁-၂၀၂၅၊ ကတ္တမန္ဒူး)

 နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် နီပေါနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန အကြီးအကဲ (Chief of Protocol) H.E. Mr. Kumar Raj Kharel ထံ သွားရောက်၌ မိတ်ဆက်တွေ့ဆုံခဲ့ပြီး ၎င်း၏ ခန့်အပ်လွှာ (မိတ္တူ)ကို ပေးအပ်ခဲ့ပါသည်။ 

 တွေ့ဆုံရာ၌ နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံအကြီးအကဲထံ ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆက်ဆံရေး တိုးမြှင့်ရေးတို့ကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

**********************************