သံအမတ်ကြီး ဦးမောင်မောင်စိုး ဘယ်လာရုစ်နိုင်ငံ National Export Promotion Centre ၏ Director-General ဖြစ်သူ Mr. Mikalai Barysevich နှင့် တွေ့ဆုံဆွေးနွေး(၃-၉-၂၀၂၆၊ မင့်စ်)

​ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုးသည် ၂-၉-၂၀၂၆ ရက် (ဗုဒ္ဓဟူးနေ့)၊ ၁၁:၀၀ နာရီတွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ National Export Promotion Centre သို့ သွားရောက်၍ Director-General ဖြစ်သူ Mr. Mikalai Barysevich နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ကုန်သွယ်မှု တိုးမြှင့်ရန်နှင့် စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်စေရန် အလားအလာရှိသော ကဏ္ဍများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်နိုင်မည့် လက်တွေ့ကျသော ကိစ္စရပ်များအပေါ် ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။
**************