သံအမတ်ကြီး ဦးမောင်မောင်စိုး ဘယ်လာရုစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့်တွေ့ဆုံဆွေးနွေး (၄-၈-၂၀၂၆ ရက်၊ မင့်စ်)

ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုးသည် ၄-၈-၂၀၂၆ ရက် (အင်္ဂါနေ့)၊ (၁၀:၀၀) နာရီအချိန်တွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးသို့သွားရောက်၍ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Zhang Wenchuan   နှင့် မိတ်ဆက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် တရုတ်-မြန်မာ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို ပိုမိုလက်ဆင့်ကမ်းသယ်ဆောင်ရန်၊ တရုတ် – မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို ဆက်လက်မြှင့်တင်သွားရန် ကိစ္စရပ်များနှင့် မြန်မာ-ဘယ်လာရုစ်၊ တရုတ်-ဘယ်လာရုစ်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များအပေါ် ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။