ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုး သည် ၃၀-၇-၂၀၂၆ ရက် (ကြာသပတေးနေ့)၊ (၁၁:၀၀) နာရီအချိန်တွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ ရုရှားသံရုံးသို့ သွားရောက်၍ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Boris Gryzlov နှင့် မိတ်ဆက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် မြန်မာ-ဘယ်လာရုစ်၊ ရုရှား-ဘယ်လာရုစ် ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။


