(၁၀-၇-၂၀၂၆ ရက်၊ မင့်စ်)
ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုးသည် ဘယ်လာရုစ် သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim Ryzhenkov ထံ ၁၀-၇-၂၀၂၆ ရက်(သောကြာ နေ့)၊ ၁၆:၃၀ နာရီအချိန်တွင် သွားရောက်တွေ့ဆုံ၍ ၎င်း၏သံအမတ်ခန့်အပ်လွှာ(မိတ္တူ)ကို ပေးအပ် ခဲ့ကာ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတထံ ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားနှင့်စပ်လျဉ်း၍ လည်း ကောင်း၊ မြန်မာ – ဘယ်လာရုစ် နှစ်နိုင်ငံအကြား ရှိရင်းစွဲဆက်ဆံရေး တိုးမြှင့်ရေးနှင့် မြန်မာနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာလမ်းပြမြေပုံ(၂၀၂၆-၂၀၂၈) တွင်ပါရှိသည့် ကိစ္စရပ်များအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေတို့ ကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။



