(၂၅-၈-၂၀၂၆၊ ကူဝိတ်)
ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် ကူဝိတ်နိုင်ငံဆိုင်ရာ ရုရှားဖက်ဒ ရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Vladimir Zheltov အား ၂၅-၈-၂၀၂၆ ရက် ၁၁၀၀ နာရီ တွင် ကူဝိတ်မြို့ရှိ ရုရှားသံရုံး၌ သွားရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ကူဝိတ်ရှိ နှစ်နိုင်ငံ သံရုံးများအကြား ပူးပေါင်းဆောင် ရွက်ရေးကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။

