သံအမတ်ကြီး ဦးမင်းသိမ်း ကူဝိတ်နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးအား သွားရောက်တွေ့ဆုံ

(၁၇-၈-၂၀၂၆၊ ကူဝိတ်)

​ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် ကူဝိတ်နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mrs. Paramita Tripathi အား ၁၇-၈-၂၀၂၆ ရက် ၁၁၁၅ နာရီတွင် ကူဝိတ်မြို့ရှိ အိန္ဒိယသံရုံး၌ သွားရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ကူဝိတ်ရှိ နှစ်နိုင်ငံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။ ထို့အပြင် မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။