ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် ကူဝိတ်နိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Major General Syed Tareq Hussain, OSP, awc, psc အား ၁၁-၈-၂၀၂၆ ရက် ၁၀၃၀ နာရီတွင် ကူဝိတ်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံး၌ သွားရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ကူဝိတ်ရှိ နှစ်နိုင်ငံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။ ထို့အပြင် မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။


