သံအမတ်ကြီး ဦးမင်းသိမ်း ကူဝိတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးအား သွားရောက်တွေ့ဆုံ

(၆-၈-၂၀၂၆၊ ကူဝိတ်)

ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် ကူဝိတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး H.E. Mr. Jose A. Cabrera III အား ၅-၈-၂၀၂၆ ရက် ၁၁၃၀ နာရီတွင် ကူဝိတ်မြို့ရှိ ဖိလစ်ပိုင်သံရုံး၌ သွားရောက်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ကူဝိတ်နိုင်ငံအခြေစိုက် မြန်မာသံရုံးနှင့် ဖိလစ်ပိုင်သံရုံးတို့အကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့အပြင် ဖိလစ်ပိုင်သံအမတ်ကြီးက အာဆီယံကော်မတီကူဝိတ်၏ လှုပ်ရှားမှုများ အပါအဝင် ၎င်း၏ အတွေ့အကြုံများကို မျှဝေခဲ့ပြီး၊ မြန်မာသံအမတ်ကြီးကလည်း မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။