ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် ကူဝိတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး H.E. Mrs. Lina Mariana အား ၂-၈-၂၀၂၆ ရက် ၁၀၀၀ နာရီတွင် ကူဝိတ်မြို့ရှိ အင်ဒိုနီးရှားသံရုံးသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ကူဝိတ်နိုင်ငံအခြေစိုက် မြန်မာသံရုံးနှင့် အင်ဒိုနီးရှားသံရုံးအကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြပါသည်။ ထို့အတူ သံအမတ်ကြီး ဦးမင်းသိမ်းက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကိုလည်း အင်ဒိုနီးရှားသံအမတ်ကြီးအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။



