သံအမတ်ကြီး ဦးမင်းသိမ်း ကူဝိတ်နိုင်ငံဆိုင်ရာ UNDP ဌာနေကိုယ်စားလှယ်နှင့် တွေ့ဆုံ

(၇-၁၀-၂၀၂၆၊ ကူဝိတ်)

ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် ကူဝိတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme – UNDP) ဌာနေကိုယ်စားလှယ် Ms. Emma Morley နှင့် ၆-၁၀-၂၀၂၆ ရက် ၁၁၃၀ နာရီတွင် တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် သံအမတ်ကြီး ဦးမင်းသိမ်းက မြန်မာနိုင်ငံ၏ လတ်တလောဖြစ်ပေါ်တိုးတက်မှုများနှင့် ကူဝိတ်နိုင်ငံတွင် မြန်မာသံရုံး၏ ဦးစားပေးဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ UNDP ဌာနေကိုယ်စားလှယ်ကလည်း ကူဝိတ်နိုင်ငံတွင် UNDP က ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များနှင့် လုပ်ငန်းများအကြောင်း မျှဝေပြောကြားခဲ့သည်။ ထို့ပြင် Ms. Emma Morley သည် မြန်မာနိုင်ငံတွင် UNDP နှင့်အတူ ၅ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သည့် ယခင်အတွေ့အကြုံများကိုလည်း ဝမ်းမြောက်စွာ ပြန်လည်အမှတ်ရပြောကြားခဲ့သည်။