သံအမတ်ကြီး ဦးမင်းသိမ်း ကူဝိတ်နိုင်ငံရှိ IOM ရုံးအကြီးအကဲအား သွားရောက်တွေ့ဆုံ

(၂၉-၉-၂၀၂၆၊ ကူဝိတ်)

ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အဖွဲ့အစည်း (International Organization for Migration-IOM) ၏ ကူဝိတ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးအကြီးအကဲ Ms. Laila Tomeh အား ၂၈-၉-၂၀၂၆ ရက် ၁၁:၀၀ နာရီတွင် ကူဝိတ်မြို့ ကုလသမဂ္ဂရုံးရှိ IOM ရုံးခန်း၌ သွားရောက်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ကူဝိတ်နိုင်ငံရှိ မြန်မာသံရုံးနှင့် IOM ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့်နယ်ပယ်များ အထူးသဖြင့် ကူဝိတ်နိုင်ငံနှင့် အီရတ်နိုင်ငံရှိ မြန်မာနိုင်ငံသားများအား ကူညီပံ့ပိုးပေးရာတွင် ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။