သံအမတ်ကြီး ဦးမင်းသိမ်း သံတမန်အဖွဲ့နာယကဖြစ်သူ ကူဝိတ်နိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးအား သွားရောက်တွေ့ဆုံ (၃-၈-၂၀၂၆၊ ကူဝိတ်)

​ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် ကူဝိတ်နိုင်ငံရှိ သံတမန်အဖွဲ့နာယကဖြစ်သူ ကူဝိတ်နိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး His Highness Prince Sultan bin Saad bin Khaled Al-Saud အား ၃-၈-၂၀၂၆ ရက် ၁၀၀၀ နာရီတွင် ကူဝိတ်မြို့ရှိ ဆော်ဒီအာရေဗျနိုင်ငံသံရုံး၌ သွားရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ကူဝိတ်နိုင်ငံအခြေစိုက် မြန်မာသံရုံးနှင့် ဆော်ဒီအာရေဗျသံရုံးအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ပြီး ဒေသတွင်းဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ထို့အပြင် သံအမတ်ကြီး ဦးမင်းသိမ်းက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကိုလည်း ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။