(၅-၁၁-၂၀၂၅ ၊ ရီရတ်ဒ်)
ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးနေမျိုးဦးသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် ဆော်ဒီအာရေဗျနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ အဗ္ဗဒူလ်မာဂျစ် ဘင် ရာရှစ် အယ်လ်-ဆာမာရီထံ သွားရောက်၍ မိတ်ဆက်တွေ့ဆုံခဲ့ပြီး ၎င်း၏ သံအမတ်ကြီးခန့်အပ်လွှာမိတ္တူကို ပေးအပ်ခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး သံအမတ်ကြီးမှ မြန်မာ့ရိုးရာ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
***************



