(၉-၂-၂၀၂၃ ရက်၊ နေပြည်တော်)
အာရပ်စော်ဘွားများပြည်ထောင်စုနို င်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် သံအမတ်ကြီး ဦးတင်ယုသည် ၄င်း၏ခန့်အပ်လွှာကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အာရပ်စော်ဘွားများပြည်ထောင်စုနို င်ငံ၊ အဘူဒါဘီ မြို့ရှိ၊ Qasr Al-Watan နန်းတော်၌ အာရပ်စော်ဘွားများပြည်ထောင်စုနို င်ငံ၊ ဒုတိယသမ္မတ ရှိတ် မိုဟာမက် ဘင် ရာရှစ် အယ်လ် မတ်တွန်း ထံသို့ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါသည်။


