သံအမတ်ကြီး ဦးဇော်ဝင်းမြင့် အား မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ် (၂၂-၇-၂၀၂၆၊ နေပြည်တော်)

​ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးဇော်ဝင်းမြင့် အား ၎င်း၏လက်ရှိတာဝန်ဝတ္တရားများအပြင် မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်လိုက်ပြီးဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်