(၁၆-၁-၂၀၂၆ရက်၊နေပြည်တော်)
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးဇော်ဝင်းမြင့်သည် ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်(သောကြာနေ့)တွင် ပေကျင်းမြို့ရှိ တရုတ်ပြည်သူ့ခန်းမဆောင်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်ထံ ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။


