သံအမတ်ကြီး ဦးချစ်ဆွေ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ထံ ခန့်အပ်လွှာပေးအပ် (၁၈-၆-၂၀၂၂ ရက်)

(၁၈-၆-၂၀၂၂ ရက်၊ နေပြည်တော်)

ထိုင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးချစ်ဆွေသည် ၎င်း၏ခန့်အပ်လွှာကို ဇွန်လ ၁၇ ရက်တွင် ဗန်ကောက်မြို့၌ ထိုင်းနိုင်ငံဘုရင်မင်းမြတ် မဟာ ဗာဂျီရာလောင်ကွန်း ဖရာ့ ဗာဂျီယာ ကလောင့်ကျောင့်ယူဟူဝါ ထံ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။